Home
မြန်မာသတင်း
ဘားအံ-မြိုင်ကလေးကားလမ်းတွင် အိမ်စီးကားပေါက်ကွဲ၊ ယာဉ်မောင်းသေဆုံး
DVB
·
April 22, 2023
342335620_612717994219169_1541592869387769321_n

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဘားအံ-မြိုင်ကလေးလမ်းဆုံအနီး ကားလမ်းမပေါ်မှာ ဧပြီ ၂၂ ရက် မနက် ၁၁ နာရီလောက်က အိမ်စီးကားတစီးပေါ်ကနေ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိုင်ကလေးဘက်ကနေ သံလွင်တံတား (ဘားအံ)ဘက်ကို  မောင်းနှင်လာတဲ့ အိမ်စီးကားပေါ်ကနေ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်ဖြစ်သူဟာ ပေါက်ကွဲမှုကြောင့် နေရာမှာတင် သေဆုံးခဲ့ပါတယ်။

မြိုင်ကလေးဒေသခံတဦးက “ကားပေါ်ကနေ ပေါက်ကွဲမှုဖြစ်တာ။ အသံတော်တော်ကျယ်တယ်။ မြေပါတုန်တယ်။ ကားပေါ်ကလူကတော့ ခေါင်းပြတ်သွားတယ်။ ကားမောင်းသူတယောက်ပဲ ကားပေါ်ပါလာတယ်။ ဘာကြောင့်ပေါက်ကွဲတယ်ဆိုတာတော့ မသိရဘူး။ အနားသွား မကြည့်ရဲဘူး။ တခြားသွားလာနေတဲ့ ယာဉ်တွေအထိအခိုက်မရှိဘူး” လို့ ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေရောက်ရှိလာပြီး ယာဉ်နဲ့ သေဆုံးတူကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို သံလွင်တံတားအဖွဲ့စုံစစ်ဆေးရေးဂိတ်မှာလည်း စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ယာဉ်ပေါ် ဗုံးနဲ့အတူ မောင်းနှင်လာစဉ် ပေါက်ကွဲခဲ့တာဖြစ်ပြီး ယာဉ်ကိုစစ်ဆေးရာမှာ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ ၇ တောင့်၊ ကျည်ကတ် ၁ ခု၊ ရီမု၁ ခု၊ VIVO ဖုန်း ၂ လုံးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013