မန္တလေးကျုံးရေပြင်ထဲ ပါဂျဲရိုးကား ၁ စီးထိုးကျပြီး ယာဉ်မောင်းသေဆုံး
DVB
·
August 25, 2020
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်း ၆၆ လမ်းထောင့်မှာ သြဂုတ် ၂၅ ရက် မနက် ၇ နာရီကျော်လောက်က ပါဂျဲရိုး ကားတစ်စီး အရှိန်မထန်းနိုင်ပဲ ကျုံးရေပြင်ထဲ ထိုးကျသွားခဲ့ပါတယ်။
ကားနဲ့အတူ ယာဉ်မောင်းပါ ပါသွားတဲ့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေ ၊လူမှုကူညီရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ ၇ နာရီခွဲလောက်မှာ ယာဉ်မောင်းဖြစ်သူကို သေဆုံးလျက် ဆယ်ယူနိုင်ခဲ့ပါတယ်။
သေဆုံးသူကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ခဲ့ကာ နစ်မြုပ်ခဲ့တဲ့ကားကိုလည်း ဆယ်ယူနိုင်ခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့ အမှတ်(၂) နယ်မြေရဲစခန်းမှာ အမှုဖွင့်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
သတင်း - နိုင်လင်းဦး