ပါတီမှတ်ပုံပြန်တင်ခိုင်းတဲ့ နိုင်ငံရေးပါတီတွေထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဧပြီ ၂၀ ရက်မှာ ပထမဆုံး မှတ်ပုံတင်ချပေးခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
မှတ်ပုံပြန်တင်ထားတဲ့ ပါတီ ၆၃ ခုထဲက အရင်ဆုံးလျှောက်ထားခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပထမဆုံးမှတ်ပုံတင်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး မှတ်ပုံတင်အမှတ် ၁ ဖြစ်ကြောင်း ဆိုပါတယ်။
ဧပြီ ၂၀ ရက် မနေ့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ကိုယ်တိုင် နေပြည်တော်က ကြံ့ခိုင်ရေးရုံးကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် မှတ်ပုံတင်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
တည်ဆဲပါတီတွေကို ရက်ပေါင်း ၆၀ အတွင်း ပြည်လည်မှတ်ပုံတင်ခိုင်းခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက် နောက်ဆုံးရက် သတ်မှတ်ခဲ့တာပါ။
ဒါ့အပြင် မှတ်ပုံပြန်မတင်လို့ဆိုပြီး ပါတီ ၄၀ ကျော်ဖျက်သိမ်းခံခဲ့ရတဲ့အထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။