Home
မြန်မာသတင်း
သင်္ကြန်အတက်နေ့ ကံပေါက်အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်
DVB
·
April 16, 2023
340901374_621745936516439_2876770509425526413_n

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအနီး ဧပြီ ၁၆ ရက် မနက်အစောပိုင်း ၅ နာရီခွဲက ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပေါက်တာကြမ်းတယ်၊ သဲစတွေတောင် လွင့်တယ်။ ဗိုလ်အောင်ဒင်(ဒေသအခေါ် - အမှိုက်ကား) က ခေါင်းထိသွားတယ်။ ပြီးတာနဲ့ ရဲစခန်းက ရဲတွေ ချက်ချင်းထွက်ပြေးလာကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ အုပ်ချုပ်ရေးမှူးရုံးဟာ ကံပေါက်ရွာ ဗိုလ်ချုပ်ရပ်ကွက်မှာ တည်ရှိပြီး ကံပေါက်နယ်မြေရဲစခန်း နဲ့ ကိုက် ၃၀၀ ပတ်ဝန်းကျင်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။

အခုပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ရပ်ထားတဲ့ အမှိုက်သိမ်းယာဉ် အရှေ့ပိုင်းပျက်စီးသွားပြီး လူထိခိုက်တာမျိုးမရှိဘူးလို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို မောရဝတီရေတပ်မှကားတစီး ရောက်လာပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ မော်တော်ယာဉ်ဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ ရပ်မိရပ်ဖတွေဆီက သိမ်းယူခဲ့တာလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ စရဖရုံး ကို ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စရဖ ရုံးက ဝန်ထမ်း ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024