Home
မြန်မာသတင်း
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သင်္ကြန်ပွဲတော်ကို တုံချိန်ရေလယ်ကျွန်း၌ ကျင်းပမည်
DVB
·
April 11, 2023
340183535_953268489139621_70207434416444442_n

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ၁၃၈၄ခုနှစ် အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး ဗဟိုမဏ္ဍပ်ကို လောက်ကိုင်မြို့နယ်တုံချိန်မြို့ ရေလယ်ကျွန်းမှာ ဆောက်လုပ်ဖို့ ဒေသစီမံအုပ်ချုပ်မှုအဖွဲ့က ဦးဆောင်ပြီး ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်များ ကုမ္ပဏီများပူးပေါင်းပံ့ပိုး ပူးပေါင်းပါဝင်မှုနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ သိရပါတယ်။

ယဥ်ကျေးမှုအက၊ ဒေသတွင်း Dancer group တွေ၊ ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်တွေဖြစ်ကြတဲ့ ပွင့်၊ ဖြိုးပြည့်စုံ၊ ဖူးပွင့်သခင်၊ မြင့်မိုရ်ဟိန်း၊ ငုရည်သန့်၊ ရွှေစင်၊ ဂျူဝယ် တို့ပါဝင်ကာ ဖျော်ဖြေမယ်လို့ သိရပါတယ်။ 

ယိမ်းအကပြိုင်ပွဲတွေလည်း ပါဝင်မည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ ၁၃  ဖွဲ့နဲ့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဗစ်လွန်ကာလ စိတ်ဖိစီးမှုကို လျှော့ချရေး ရိုးရာယဥ်ကျေးမှုကို မြှင့်တင်ကာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယဥ်ကျေးမှုဖလှယ်ခြင်းအားဖြင့် ဒေသစီးပွားရေး အရှိန်မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ၂ ရပ်နဲ့ ပြုလုပ်တာလို့  ဒေသစီမံအုပ်ချုပ်မှုအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် ၂ ခုပါဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024