Home
မြန်မာသတင်း
ကြို့ပင်ကောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်း အဖမ်းခံရ
DVB
·
April 5, 2023
339803436_1138017384266799_8271101961726370862_n

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ ဧပြီ ၄ ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်း ကို သူနေတဲ့အိမ်ကနေ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားပါတယ်။

အိမ်နီးနားချင်းတဦးက "မနေ့က မနက်ပိုင်း  ၁၁ နာရီပိုင်းလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၆ ယောက် ဆိုင်ကယ် ဆိုင်ကယ် ၃ စီး နဲ့လာဖမ်းတာ၊ သူက ပထမတော့ ရှောင်နေတာ၊ အခုဘာလို့ အိမ်ပြန်လာတာလဲမသိဘူး၊ အခုလောလောဆယ်တော့၊ ကြို့ပင်ကောက် ရဲစခန်းမှာတော့ မရှိဘူး" လို့ ပြောပါတယ်။

လွှတ်တော်အမတ် ဦးဌေးမင်းသိန်းကို စစ်ကောင်စီက ကြို့ပင်ကောက်မြို့ ဈေးချိုတောင်ရပ်ကွက်  ပွဲစားတန်းလမ်းအိမ်မှာ ဖမ်းဆီးပြီးနောက်  ပြည် ဒကစ ကို ခေါ်သွားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာန တာဝန်ရှိသူက “သူက စစ်ကောင်စီ အောက်မှာ လက်မှတ်ထိုးလိုက်တာလားဆိုတာကိုတော့ ပါတီက စုံစမ်းနေဆဲပဲ ဖြစ်တယ်။ သူက အာဏာသိမ်းပြီး ခဏလောက် ၂ လလောက်တော့ ရှောင်လိုက်သေးတယ်၊ နောက်တော့  သူ့အိမ်မှာပဲ ရှိနေတာ၊ နောက်တော့ လက်ရှိ လုပ်ကိုင်နေတဲ့ ပါတီကအဖွဲ့အစည်းတွေ အားလုံးနဲ့ အဆက်ဖြတ်ထားလိုက်ရတာ။ ဘယ်သူမှ ကိုယ့်အိမ်မှာ ကိုယ်နေလို့မရတဲ့အချိန်မှာ သူက အိမ်မှာနေလို့ ရနေတာကိုက သံသယ ဖြစ်စရာ။ အခုလည်း သူ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို စောင့်ကြည့်နေတယ်" လို့ ပြောပါတယ်။

ဦးဌေးမင်းသိန်းက ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ခု စလုံးမှာ NLD ပါတီကနေ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနေနဲ့အရွေးချယ်ခံခဲ့ရတာပါ။ 

၂၀၂၂ ခုနှစ်မှာ ပဲခူးတိုင်းက လယ်ဆည်၀န်ကြီး ဦးအောင်ဇော်နိုင်၊ လ၀က ၀န်ကြီး ဦးထွန်းထွန်းဦးနဲ့ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းတို့လည်း အိမ်မှာပဲအဖမ်းခံခဲ့ရပြီး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013