Home
မြန်မာသတင်း
ကာမိုင်းစစ်ဆေးရေးဂိတ်တွင် ကားသမား ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
DVB
·
April 1, 2023
339248817_234871835877162_1060667906700647504_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ မတ် ၃၀ ရက် နေ့လယ်ပိုင်းက ကားသမား လူငယ်အမျိုးသား တစ်ဦးကို  စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူက ပြောပါတယ်။

ကာမိုင်းမြို့ စစ်ကောင်စီတပ်ဂိတ်အနီးမှာ စစ်ဆေးဖို့ ကားရပ်တန့်ပေးထားအပြီးမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်အပြီး အလောင်းကိုလည်း မိသားစုဝင်တွေကို ပြန်မပေးခဲ့ဘူးလည်းဆိုပါတယ်။

သေဆုံးသွားတဲ့ကားသမားနဲ့  နီးစပ်သူ အမျိုးသား တစ်ဦးက  "နေ့လယ် ၁ နာရီလောက်က  ကာမိုင်း စစ်ဆေးရေးဂိတ်မှာ ပစ်သတ်ခံလိုက်ရတာ။ မိုးကောင်းကနေ  ဆန်နဲ့ စက်သုံးဆီ သယ်လာတာ။ ကာမိုင်းဂိတ်မှာလည်း စစ်ဆေးပြီးသွားပြီ။ စစ်ဆေးပြီးမှ သေနတ်နဲ့ လှမ်းပစ်လို့သေတာ။ သူနဲ့ အတူလိုက်လာတဲ့ သူငယ်ချင်းကိုလည်း ဖမ်းထားတယ်။ သေဆုံးသူရဲ့ အလောင်းကိုလည်း စစ်တပ်က မိသားစုတွေဆီ ပြန်မပေးဘူး" လို့  ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အသက် ၃၀ အရွယ် အမျိုးသားဟာ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာ နေထိုင်တဲ့ ကိုမိုက်မိုက်ဖြစ်ပြီး သူ့ရဲ့အလောင်းကိုလည်း မိသားစုဝင်တွေထံ ပြန်မပေးဘဲ ကာမိုင်းဗျူဟာကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သိမ်းဆည်းထားပါတယ်။

ကာမိုင်းမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်က  ခရီးသည်တင် မော်တော်ယာဉ်နှစ်စီးကို လိုင်စင်မဲ့ကား ဖြစ်တယ်လို့ စွပ်စွဲပြီး  စစ်ကောင်စီတပ်ဗျူဟာကုန်းမှာ မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024