ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကပ္ပလီကျေးရွာမှာရှိတဲ့ ဆီဆိုင်တဆိုင်မှာ မတ်လ ၂၈ ရက် ညပိုင်းက ဆိုင်ကယ်ဆီဖြည့်ပေးနေတဲ့အချိန် ထပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လှိုင်းဘွဲ့မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ဆီဆိုင်ထဲမှာ ဆိုင်ကယ်ထဲ ဆီဖြည့်နေတဲ့အချိန် ထပေါက်ကွဲပြီး မီးလောင်ခဲ့တာဖြစ်ကာ အဲဒီကနေ မီးကူးပြီး ဆိုင်တခုလုံး လောင်ကျွမ်းသွားတာလို့ ဆီဆိုင်ဝန်ထမ်းတဦးက ပြောပါတယ်။
အဲဒီလို မီးလောင်ခဲ့တဲ့အတွက် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး မစိုးရိမ်ရတဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို အရေးပေါ် ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
အဲဒီလို မီးလောင်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းက ပူးပေါင်းငြိှမ်းသတ်ခဲ့ပြီး ကာလတန်ဖိုး သိန်း ၃၅၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။