Home
မြန်မာသတင်း
ဟိုပင်မြို့တွင် စပါးဂိုဒေါင် ၂ လုံးနှင့် နေအိမ် ၁ လုံး မီးလောင်
DVB
·
March 21, 2023
337267562_1161568954417141_6363974598520717886_n

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြသီတာရပ်ကွက်ရှိ ယူနီယံဆန်စက်ဝင်းအတွင်းမှာ မတ် ၂၀ရက် ညနေပိုင်းက ကုန်သွယ်လယ်ယာဌာနပိုင် စပါးဂိုဒေါင်နှစ်လုံးနဲ့ နေအိမ်တလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ယူနီယံ ဆန်စက်ဝန်း အတွင်းမှာ ကုန်သွယ်လယ်ယာက ဆောက်ထားခဲ့တဲ့ ဂိုဒေါင်နှစ်လုံးမီးလောင်တယ်။ အနာက်ဘက်လမ်းကြားက နေအိမ်တလုံးလည်း မီးလောင်သွားတယ်။ ညနေ ၃ နာရီခွဲလောက် စလေါင်တာ။ ၄ နာရီကျော်လောက်ငြိမ်းသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စပါးဂိုဒေါင်အနီး သစ်ရွက်ခြောက်ပုံတွေအပေါ် ဆေးလိပ်မီးပစ်ခတ်ခဲ့ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မြန်မာ့ဆိုရှယ်လှစ်လမ်းစဉ်ပါတီက ၁၉၇၀ ခုနှစ်မှာ ဆန်စက်ဝန်းအတွင်း တည်ဆောက်ထားခဲ့တဲ့  စပါးသိုလှောင်ဂိုဒေါင်တွေ မီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024