ရန်ကုန်တိုင်း သာကေတမြို့နယ် ၈ ရပ်ကွက် ဧရာဝဏ်လမ်းနဲ့ နဝရတ်လမ်းထောင့်ရှိ ဓမ္မရက္ခိတဓမ္မာရုံရှေ့မှာ ဒီနေ့ည ၇ နာရီက ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"အပစ်ခံရတဲ့ နှစ်ဦးစလုံးက သေဖို့များတယ်။ ခေါင်းတွေ၊ ရင်ဘတ်တွေကို ပစ်သွားတာ။ စစ်တပ်က ရောက်လာပြီး လူများလို့ သေနတ်ပစ်ဖောက်သေးတယ်။"
သေနတ်နဲ့ ပစ်ခတ်ခံရသူနှစ်ဦးမှာ ကြံရည်ရောင်းသူ ကိုမောင်ဇော်နဲ့ကိုဖြိုးဝေအောင် လို့ ကနဦးသိရပြီး ဘာကြောင့်လာပစ်တယ်ဆိုတာ မသိရသေးဘဲ စစ်တပ်က ဆေးရုံကို ခေါ်သွားတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
"သူတို့က ကြံရည်ရောင်းတာ ကိုယ်သိတာပေါ့။ အခြားကိစွတွေတော့မသိဘူး၊ ပစ်ခတ်ခံရတာတော့ သေဖို့များတယ်။ စစ်တပ်ရော၊ ရဲတွေရော ရောက်နေတယ်။"
အမည်မသိသူတွေက ဆိုင်ကယ်နဲ့လာရောက်ပစ်ခတ်သွားတာဖြစ်လို့ စစ်ကောင်စီတပ်နဲ့ရဲတွေက ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ ဒဏ်ရာရရှသူနှစ်ဦးအား မဂ်လာဒုံစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။