နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မတ်လ ၁၈ ရက်ညနေက ပေါင်းလင်းမြစ်အတွင်း ရေဆင်းကူးတဲ့အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သူငယ်ချင်းတွေနဲ့ စားသောက်ပြီးအပြန် ပေါင်းလောင်းမြစ်အတွင်း မနေ့ညနေသုံးနာရီက ရေဆင်းကူးရာမှာ ရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကမ်းသာစားသောက်ဆိုင်နားက ပေါင်းလောင်းမြစ်ထဲမှာ ရေဆင်းကူးရင်း ရေနစ်သွားတာ။ ရေငုတ်ကျွမ်းကျင်တဲ့သူကို အကူအညီတောင်းပြီး လိုက်ရှာတာ ပြန်တွေ့တယ်၊ ဒါပေမဲ့ အသက်မရှိတော့ဘူး။"
သေဆုံးသူမှာ ဇမ္မူသီရီမြို့နယ် ဘောဂသီဒ္ဓိရပ်ကွက် သပြေ ၄ လမ်းရှိ အဆောင်တခုမှာနေထိုင်တဲ့ အသက် ၂၈ နှစ်ရှိ ကိုမိုးဝေယံ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"DadeBody ကို ခုတင် ၁၀၀၀ ကိုပို့လိုက်တယ်။ ရဲတွေက ရေနစ်သေတာ ဟုတ် မဟုတ် စစ်ဆေးနေတယ်။"
သေဆုံးသူရဲ့ Dade Body ကို လူနာတင်ယာဥ်နဲ့နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပြီး ရေဆင်းနယ်မြေရဲစခန်းက သေမှုသေခင်းရေးဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။