Home
မြန်မာသတင်း
ဘားအံ သံလွင်တံတားတွင် လုံခြုံရေးတင်းကျပ်စစ်ဆေး၊ လူငယ်များကို ပိုမိုရှာဖွေစစ်ဆေးနေ
DVB
·
March 17, 2023
335427642_533854808830936_3840832183775999671_n

ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမြို့၊ သံလွင်တံတားထိပ်မှာ စစ်ဆေးရေးတင်းကျပ်နေပြီး အဓိကအားဖြင့် ခရီးသွားအမျိုးသား လူငယ်တွေကို ပိုမို စစ်ဆေးငွေညှစ်နေတယ်လို့  ခရီးသွားတွေက ပြောပါတယ်။

ခရီးသွား တဦးက “သံလွင် တံတားထိပ် စစ်ဆေးရေးဂိတ်မှာ ဘားအံကနေ ရန်ကုန်ကို အသွားရော အပြန်ပါ  စစ်တယ်။ လူကြီးတွေကို သူတို့ သိပ်မစစ်ကြဘူး။ လူငယ်တွေဆို ခြေကအစ ခေါင်း အဆုံး သေချာကြည့်တယ်။ ပြီးရင် မင်းက PDF သင်တန်းဆင်းလားလို့ မေးတယ်။ လက်ကိုင်ဖုန်းကို စစ်တယ်။ ဓာတ်ပုံတွေ တစ်ပုံချင်းဆီ စစ်တယ်။ ဖေ့ဘွတ်ခ် အကောင့်နာမည်နဲ့ မှတ်ပုံတင် နည်မယ်နဲ့ မတူရင် ရစ်တယ်။ အကောင့်တု သုံးနေတယ် ဆိုပြီး ငွေညှစ်တောင်းတယ်။ နောက်ဆုံး ရစ်စရာမရှိတော့ ဘောပွဲ ရလဒ် ကြည့်တဲ့ APP တွေ့တယ် ဆိုပြီး ငွေတောင်းတယ်”လို့ ဆိုပါတယ်

ဘာအံကနေ ဘယ်နေရာ သွားသွား သံလွင် တံတားကို ဖြတ်ကြရပြီး လူငယ်တွေကို အချိန်ယူ စစ်ဆေးတာကြောင့် အချိန်ကြာတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ခရီးသွားတဦးက ပြောပါတယ်။

သံလွင်တံတား စစ်ဆေးရေးဂိတ်ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ၀န်ထမ်း၊ ယာဉ်ထိန်းရဲ၊ ရဲနဲ့ စစ်သား အများအပြားထားရှိ  စစ်ဆေးနေတာပါ။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024