Home
မြန်မာသတင်း
စဥ့်ကူးတွင် စစ်တပ်က PDF ရဲဘော်အပါအဝင် ပြည်သူ ၃ ဦးအား မီးရှို့သတ်ဖြတ်
lusane
·
March 15, 2023
335202488_243567318023328_5023544576092505934_n

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ သဲအင်းရွာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့သတ်ဖြတ်သွားတဲ့ PDF ရဲဘော်တဦးနဲ့ ပြည်သူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို မတ် ၁၅ ရက် ဒီနေ့ညနေ ရွာထဲမှာ တွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးအဖွဲ့က ဗိုလ်ကျားကြီးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက အင်အား ၅၀ ကျော်နဲ့ သဲအင်းကျေးရွာထဲကို မတ် ၁၀ ရက်နေ့က တပ်စွဲဝင်ရောက်လာပြီးနောက် မတ် ၁၂ ရက်နေ့မှာ ပြည်သူ ၁၀ ဦးကျော်ကို ဓားစာခံဖမ်းဆီးခဲ့ပြီးနောက် မီးရှို့ခံထားရတဲ့ရုပ်အလောင်းတွေကို ဒီနေ့ တွေ့ခဲ့ရတာလို့ ပြောပါတယ်။

"စစ်ကောင်စီက ပြည်သူတွေကို ဖမ်းတာ၊ ဗိုလ်ကျားအဖွဲ့ထဲက ကလေးကိုလည်းဖမ်းမိသွားတာ။ ကလေးက စစ်ကောင်စီကို ပြန်တိုက်ဖို့ မိုင်းတွေထောင်တာ၊ ဒလန်ကပြလို့ ဖမ်းမိသွားတာ။ ဖမ်းမိသွားတာကို လက်ပြန်ကြိုးတုပ်၊ ခေါင်းတွေရိုက်၊ နှိပ်စက်၊ သေတဲ့ထိရိုက်ပြီးတော့ အရှင်လတ်လတ်မီးပုံရှို့သွားတာ၊ သုံး​ယောက်အသတ်ခံရတာ" လို့ ဗိုလ်ကျားက ပြောပါတယ်။

ဗိုလ်ကျားကြီးအဖွဲ့က PDF ရဲဘော်တဦးနဲ့ ဆွေမျိုးတော်စပ်သူ နှစ်ဦး အသတ်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်က ဒီနေ့ညနေမှ ရွာထဲကနေ ထွက်တာကြောင့် အရိုးပြာကို ဒီနေ့မှ သွားယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျေးရွာအတွင်းက ပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က သူတို့နဲ့အတူ မတ္တရာတပ်ကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024