Home
မြန်မာသတင်း
လက်နက်ဖိုးငွေ ထိုင်းဘတ်သိန်း ၃၀ လိမ်သွားသည့် ထိုင်း ၂ ဦးကို ကော်သူးလေတပ်မတော်က စစ်ဆေးမေးမြန်း
DVB
·
March 15, 2023
335981693_740606424363572_7743207184909740480_n

လက်နက်ဝယ်မယ့်ငွေ ထိုင်းဘတ် သိန်း ၃၀ လိမ်သွားတဲ့  ထိုင်းနိုင်ငံသား ၂ ယောက်ကို  စစ်ဆေးမေးမြန်းဖို့ ခေါ်ယူခဲ့တာလို့  ကော်သူးလေတပ်မတော် တာဝန်ရှိသူ တဦးက ပြောကြားလိုက်ပါတယ်။

ကော်သူးလေတပ်မတော် ဗိုလ်ဟယ်ရီရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ထိုင်းက ဖမ်းခံတယ်ဆိုတာ မဟုတ်ပါဘူး။ ကျောက်ခက်ရွာကိစ္စကလည်း ကျနော်တို့ကို လက်နက်ဝယ်ပေးမယ်ဆိုပြီး ဘတ် သိန်း ၃၀ လိမ်သွားတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ခဏခေါ်လာခဲ့တာပါ။ ကျနော်တို့လူတွေကိုတော့ ၁၃ ရက်နေ့ ညနေက ဖမ်းသွားတယ်။ ၁၄ ရက်နေ့ မနက် ၂ နာရီမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဖူးက ဖြေရှင်းပေးဖို့ လုပ်ပါတယ်”လို့ပြောပါတယ်။

ထိုင်းနိုင်ငံသားနှစ်ဦးကို စောနယ်ဒါးမြနဲ့ ဗိုလ်ဟယ်ရီတို့က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကော်သူးလေတပ်မတော် အသုံးပြုဖို့ ငွေကြေးပေးပြီး လက်နက်ဝယ်ခိုင်းခဲ့ရာမှာ  ဘတ် သိန်း ၃၀ လောက်ကို ကရင်+ထိုင်း အမျိုးသမီးက လိမ်လည်သွားတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ခေါ်လာတာလို့လည်းပြောပါတယ်။

ကော်သူးလေတပ်မတော် (KTLA) ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ လုပ်ဖော်ကိုင်ဘက် ဗိုလ်ဟယ်ရီတို့ နှစ်ဦးကို ထိုင်းဘက်က ဖမ်းဆီးဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေဟာလည်း မဟုတ်မှန်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကော်သူးလေတပ်မတော် (KTLA) ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ လုပ်ဖော်ကိုင်ဘက် ဗိုလ်ဟယ်ရီတို့ နှစ်ဦးကို ဖမ်းဆီးဖို့ ကန်ချနဘူရီခရိုင်နဲ့ တာ့ခ်ခရိုင် ထိုင်းအာဏာပိုင်တွေက ထိုင်းစစ်ဆေးရေးဂိတ်တချို့ကို ညွှန်ကြားထားပြီး ကော်သူးလေအာမီက ရဲဘော်တချို့ကို ထိုင်းရဲဖမ်းဆီးထားတယ်ဆိုတဲ့သတင်း မီဒီယာတချို့မှာ ဒီနေ့မနက်က ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ကော်သူးလေတပ်ဖွဲ့ဝင်တွေက ထိုင်းနိုင်ငံဘက်ခြမ်း ကျောက်ခက်ရွာက ထိုင်းနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် KTLA ခေါင်းဆောင် စောနယ်ဒါးမြကို ဖမ်းဆီးဖို့ ညွှန်ကြားတာလို့ သတင်းတွေထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ထိုင်းနိုင်ငံသားကတ် ရရှိထားသူဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းက တာ့ခ်ခရိုင်နဲ့ ကန်ချနဘူရီခရိုင်တွေကို မကြာခဏ ဝင်ထွက်သွားလာနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024