Home
မြန်မာသတင်း
PDF ရဲဘော်များ တကိုယ်ရေအသုံးဆောင်လိုအပ်နေ၊ လုံခြုံရေးအရ ဖုန်းသုံးစွဲမှု စည်းကမ်းတင်းကျပ်
DVB
·
March 12, 2023
333531546_161293213392581_813130322912215271_n

မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်အာဏာရှင်တပ်တွေနဲ့ရင်ဆိုင် ခုခံတွန်းလှန်စစ်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ အခြေခံ တကိုယ်ရေ အသုံးဆောင် ပစ္စည်းတွေလိုအပ်နေတယ်လို့ PDF ပြောက်ကျားရဲဘော်တွေထံက သိရပါတယ်။ 

PDF ရဲဘော်တွေဟာ အတွင်းအဝတ်စားတွေနဲ့ ခြေအိတ်တွေ မလုံလောက်တဲ့အတွက် အနာနဲ့ အရေပြားရောဂါတွေဖြစ်တာရှိတယ်လို့ အာရှလမ်းမကြီး တစ်နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲဘော် တဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ PDF ရဲဘော်တွေရဲ့ လိုအပ်ချက်နဲ့ အသံတွေကို အမြဲနားထောင်ပြီး ဖြည့်ဆည်းပေးဖို့လည်း တိုက်တွန်းပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ PDF တပ်ရင်းတွေမှာ လိုအပ်တဲ့အခြေခံအသုံးစရိတ်တွေ သုံးနိုင်ဖို့အတွက် လစဥ်ထောက်ပံ့ပေးတာမျိုး တွေရှိတယ်လို့ပြာပါတယ် 

နောက်ထပ် ယူနီဖောင်းတို့ တခြားလိုအပ်တဲ့ အသုံးအဆောင်တွေကိုလည်း တပ်ရင်းတွေ ကို ထောက်ပံ့ပေးဖို့ စီစဉ်နေပေမဲ့ တပ်ရင်းအားလုံးလွှမ်းခြုံနိုင်တဲ့အနေထားတော့ မရောက်သေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေအနေနဲ့ လုံခြုံရေးအရ ဖုန်းသုံးစွဲတာနဲ့ပတ်သက်ပြီး စည်းကမ်းတကျ လိုက်နာသင့်တယ်လို့ တောင်ပိုင်းတိုင်း PDF တပ်ဖွဲ့ဝင်တချို့က ဆိုပါတယ်။

ရဲဘော်တွေအနေနဲ့ ရှေ့တန်းရောက်တဲ့အချိန်မှာ Live လွှင့်တာတွေ ကင်းစောင့်နေရင်းနဲ့ ဖုန်းသုံးနေတာတွေကို လုံခြုံရေးအရ သတိထားစေချင်ပြီး လက်ရှိမှာလည်း တာဝန်ချိန်မှာ ဖုန်းသုံးတဲ့အလေ့ကျင့်က EAOs ရဲဘော်တွေမှာလည်း ကူးစက်နေတာကြောင့် ဖုန်းသုံးတာ နဲ့ပတ်သက်လို့ စည်းကမ်းတင်းတင်ကျပ်ကျပ် ချထားသင့်တယ်လို့ တောင်ပိုင်းတိုင်းမှာ တာဝန်ထမ်း ဆောင်နေတဲ့ PDF ရဲဘော် တဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုတွေကြောင့် နေရာတော်တော်များများမှာ လက်နက်ကိုင်တော်လှန်ခဲ့ကြပြီး နိုင်ငံအနှံ့ လက်နက်ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ ထက်မနည်းရှိတယ်လို့လည်း လွတ်လပ်တဲ့အဖွဲ့တွေရဲ့ စာရင်းပြုစုမှုတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024