ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ၊ ၃ မိုင် ရွှေပြည်သာရပ်ရှိ BOC ဓာတ်ဆီဆိုင်မှာ မတ် ၁ ရက် ည ၇ နာရီကျော်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် လိုင်စင်မဲ့ယာဉ်တွေကို စစ်တပ်က သိမ်းဆည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂ ရက်နဲ့ ၃ ရက်မှာတော့ စစ်ကောင်စီ တပ်နဲ့ရဲ တွေဟာ မြို့ထဲ ၂ မိုင် လမ်းဆုံ မီးပွိုင့်နဲ့ မြို့ရှောင် လမ်းဆုံတွေမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းယူခဲ့တာကြောင့် ပြည်သူတွေ အခက်အခဲကြုံနေကြတယ်လို့ ဆိုပါတယ်။
အဲဒီနေ့က ဗုံးကွဲခဲ့တာကြော့င် ဓာတ်ဆီဆိုင် အမိုးနဲ့ ဆီဘောက်ဆာကား၊ အဆောက်အအုံ ပစ္စည်းတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်လယ်ပိုင်းကလည်း ဗန်းမော်မြို့စုပေါင်းရုံးမှာ မိုင်းပေါက်ကွဲခဲ့တာကြောင့် ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်အစီး ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီးနောက် မြို့နေရာအနှံ့မှာ လိုင်စင်မဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့ဖူးပါတယ်။