Home
မြန်မာသတင်း
မောင်တော စစ်ဆေးရေးဂိတ်၌ တာကာငွေ ၁ သိန်း လက်ဝယ်တွေ့သူကို ဖမ်းဆီးစစ်ဆေး
DVB
·
March 6, 2023
330636163_594095028955633_3368353259234445499_n

ရခိုင်ပြည်နယ်မှာ အပစ်ရပ်ထားပြီးနောက် အသစ်ဖွင့်ထားတဲ့ မောင်တော ၃ မိုင် စစ်ဆေးရေး ဂိတ်မှာ မတ် ၅ ရက် နေ့လယ်ပိုင်းက ဘင်္လားဒေ့ရှ်နိုင်ငံသုံး တာကာငွေ ၁ သိန်းလက်ဝယ်တွေ့သူ တောင်ကုတ်ဒေသခံ ၁ ဦးကို  မူးယစ်အဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးအာဏာပိုင် တဦးက ပြောပါတယ်။

“အငူမော်ကနေ မောင်တောကို တက်လာတဲ့ ကားတွေကို မူးယစ်ဆေးရှာဖွေရင်း တာကာ ငွေ တစ်သိန်း တွေ့တာ။ တာကာ ၁၀၀၀ တန် အရွက် ၁၀၀ ရှာဖွေ တွေ့ ရှိခဲ့တာ။ အခုတော့ မောင်တောမြို့မရဲစခန်းမှာ စစ်တယ်။" 

ဖမ်းဆီးခံရသူဟာ ဘယ်သူလဲ၊ ဒီငွေတွေကို ဘယ်ကရလာတာလဲဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ရဲစခန်းက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ 

မိုင်သာစည်ရွာခံ တဦးက "တောင်ကုတ်ဒေသခံ တဦးကို ၃ မိုင် သာစည်ရွာ စစ်ဆေးရေးဂိတ်မှာ ဘင်္ဂလားငွေ တစ်သိန်းနဲ့ မူးယစ်အဖွဲ့က ဖမ်းဆီးသွားတယ်။ နာမည်တော့ မသိရသေးဘူး။ သူ နဲ့ ကားသမားကို မောင်တောရဲစခန်းကို ခေါ်သွားတယ်။ ကားသမားကို စစ်ဆေးပြီး ပြန်လွှတ် လိုက်တယ်။ တာကာငွေနဲ့ ဖမ်းမိတဲ့ တောင်ကုတ်ဒေသခံကိုတော့ အမှုဖွင့်ဖို့ စစ်ဆေးနေတယ်"လို့ ဆိုပါတယ်။

တာကာငွေ ၁ သိန်းမှာ အခုပေါက်စျေးအရ မြန်မာငွေ ၂,၄၅၀,၀၀၀ ကျပ် တန်ဖိုးရှိတယ်လို့  ကုန်သည်တွေက ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလက စလို့  စစ်တပ်၊ ရဲ၊ မူးယစ်၊ အကောက်ခွန်၊  လဝက၊ လူကုန်တား၊ ထွေအုပ်၊ မီးသတ်စတဲ့ အဖွဲ့ပေါင်းစုံ ပါဝင်တဲ့စစ်ဆေးရေးဂိတ်ကို ၃ ခု အထိ ဖွင့်လှစ်ပြီး တင်းကျပ်စွာ စစ်ဆေးနေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024