ကရင်တိုင်းရင်းသားပါတီတခုဖြစ်တဲ့ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရဖို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံတင်ခွင့် ပြန်လည် လျှောက်ထား လိုက်ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၉) ရပ်ကွက်မှာ အခြေစိုက်တဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်ပြုဖို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လျှောက်ထားကြောင်း စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဒါ့အပြင် ပါတီနာမည်၊ အသုံးပြုမယ့်အလံနဲ့ တံဆိပ်တွေကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ကြေညာထားပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီမှတ်ပုံတင်လျှောက် ထား မှုနဲ့ပတ်သက်လို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်းမရှိပါဘူး။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဟာ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိခဲ့တာမရှိပါဘူး။