မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်၊ ၄၄× ၁၃၆ လမ်းကြား၊ ညောင်ပင်ကုန်းကျေးရွာရှိ နေအိမ်တအိမ်မှာ ဖေဖော်ဝါရီ ၂၅ ရက် ည ၆ နာရီခွဲလောက်က ဓားပြတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး အဲ့ဒီအိမ်ရောက်နေတဲ့ ဒုရဲမှူးတဦးကိုလည်း ဓားပြတွေက ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မြစ်ငယ်က ဒုရဲမှူး၊ အရင်က စက်မှုနယ်မြေစခန်းမှူးပါ။ စနေ၊ တနင်္ဂနွေဆို ဒီဘက်ကို လာတတ်တယ်။ အဲ့နေ့က လာတာ ရဲမှူးမိန်းမလည်း ပါလာတယ်၊ ညနေ မှောင်ချိန်လောက်က ဆိုင်ကယ် ၃ စီးနဲ့ အိမ်ထဲ ဝင်ပစ်သွားတာ၊ သေနတ်သံ ၂ ချက် ၃ ချက်လောက် ကြားရတယ်။ အိမ်က ကျန်တဲ့သူတွေ ဘာမှ မဖြစ်သွားဘူး၊ ပိုက်ဆံ သိန်း ၃၀၀ ကျော်လောက် ပါသွားတယ် ပြောတယ်။ အဲ့အိမ်က အိမ်ခြံမြေပွဲစားအိမ်ပါ" လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသွားသူဟာ အမှတ် (၆) မြစ်ငယ်မီးရထားရဲတပ်ဖွဲ့က ဒုရဲမှူး ဝင်းမင်းသန့် ဖြစ်ပြီး ဓားပြတိုက်ခံရတဲ့အိမ်က အမျိုးသမီးဖြစ်သူနဲ့ မောင်နှမတော်စပ်တယ်လို့ သိရပါတယ်။
လူ ၇ ဦးပါ ဓားပြအဖွဲ့က အဆိုပါအိမ်ကနေ ရွှေ ၃ ကျပ်သားခန့် လက်ဝတ်ရတနာတွေ၊ ကျပ်ငွေ သိန်း ၃၀၀ ခန့်နဲ့ ပစ်သတ်ခံရသူ ဒုရဲမှူးကိုင်ဆောင်တဲ့ Webley ခြောက်လုံး ပြူး ၁ လက်၊ ကျည် ၁၈ တောင့်၊ စကားပြောစက် ၁ လုံးနဲ့ လွယ်အိတ် ၁ လုံးကို ယူဆောင်သွားပြီး ဆိုင်ကယ် ၃ စီးနဲ့ မောင်းထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ ( Pan, Facebook)