Home
မြန်မာသတင်း
‘၀’ဒေသ ဟိုပန်မြို့ရှိ ဘိန်းအစားထိုးသီးနှံ ရော်ဘာခြံများကို စစ်ကောင်စီက မြေကွက်ရိုက်ပြီး တရုတ်ထံ ရောင်းစားနေ
DVB
·
February 23, 2023
331814087_753159323056728_3449758781803762422_n-1
332852889_3394488277488519_1122726558569181306_n
wawa

မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊  ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်မှာ ဘိန်းအစားထိုးသီးနှံ အဖြစ်စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေထဲက ဧက ၁၀၀ ဝန်းကျင်ကို ရွှေမြို့ပြစီမံကိန်းလို့ အမည်တပ်ကာ မြေကွက်သစ်ဖော်ပြီး စစ်ကောင်စီခန့် ၀ တိုင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက တရုတ်နိုင်ငံသားတွေထံ ရောင်းချနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အရင်ကပြည်သူတွေရဲ့ မြေတွေကို သိမ်းထားပြီး ဘိန်းအစားထိုးသီးနှံအဖြစ် ရော်ဘာပင်တွေကို စီမံကိန်းနဲ့ စိုက်ခဲ့ကြရာက အခုတော့ စစ်ကောင်စီခန့် ‘၀’ တိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ဦးကျင်ဝမ်း၊ ဒေါက်တာကျော်ထွန်း၊ ကိုထွန်းအောင်တို့ ပူးပေါင်းပြီး ရော်ဘာခြံတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြလို့ ဒေသခံတဦးက ပြောပါတယ်။

“ ပေ၇၀ x ၈၀ တကွက်ကို တရုတ်ယွမ်ငွေ နှစ်သိန်းငါးသောင်းနဲ့ တရုတ်နိုင်ငံသားတွေကို ရောင်းစားနေတယ်။ ပြီးတော့ သူတို့ရောင်းစားတဲ့မြေတွေမှာ လောင်းကစားရုံတွေလည်း ဖွင့်ထားကြတယ်။”

ရော်ဘာခြံတွေကို ကွက်သစ်ရိုက်ပြီး တရုတ်နိုင်ငံသားတွေကိုရောင်းချနေတာနဲ့ လောင်း ကစားရုံတွေ ဖွင့်လှစ်နေတာနဲ့ပတ်သက်ပြီး ဒေသခံတွေက ကန့်ကွက်ချင်ကြပေမယ့် စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလဖြစ်လို့ မကန့်ကွက်ရဲဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

မြို့ခံတဦးက “စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလကြီးဖြစ်တော့ စစ်တပ်က ခန့်ထားတဲ့ လူတွေက အာဏာပြပြီး လုပ်ချင်ရာလုပ်နေတာပေါ့။ မြေကွက်ရိုက်တယ် တရုတ်တွေကိုရောင်းတယ်။ လောင်းကစားရုံတွေ နှစ်ဆယ်လေးနာရီဖွင့်တယ်။ ဘယ်သူမှ မကန့်ကွက် ရဲဘူးဗျ။ ကြောက်နေရတယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ‘၀’ တိုင်းဦးစီးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ဟာ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်မှာ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပါဝင်ကာ ‘၀’ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)နယ်မြေနဲ့လည်း ထိစပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024