Home
မြန်မာသတင်း
မကွေးမြို့၌ အိမ်မီးလောင်ပြီး တိုက်ထဲပိတ်မိနေသည့်အဘွားအိုသေဆုံး
DVB
·
February 23, 2023
fire
image

မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ ၁၈ လမ်းနဲ့ နတ်မောက်လမ်းထောင့်မှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက် ၆ နာရီလောက်က နေအိမ်တလုံး မီးလောင်ခဲ့ပြီး အမျိုးသမီး နှစ်ယောက် မီးလောင်ဒဏ်ရာရရှိခဲ့ကာ အဘွားအို တယောက် သေဆုံးခဲ့တယ်လို့ မြို့ခံ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ပရဟိတမင်းခေါင် မြေပြင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ဘယ်ကစလောင်လဲတော့ မသိဘူး။ တိုက်ထဲပိတ်လောင်နေတာ၊ အပျက်အစီးကြားမှာ ပိတ်မိနေတဲ့ နှစ်ယောက်တော့ ကယ်နိုင်ခဲ့တယ်။ သွပ်တွေနဲ့ပိမိနေတာ၊ အဘွားကိုတော့ အိမ်အပေါက်ဝမှာ body (သေဆုံး) အခြေအနေနဲ့ ပြန်တွေ့ခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုကြောင့် တိုက်ထဲ အမျိုးသမီး သုံးယောက် ပိတ်မိနေတာဖြစ်ပြီး နှစ်ယောက်ကို လက်၊ ဦးခေါင်းတို့မှာ မီးလောင်ဒဏ်ရာတွေနဲ့ အသက်ကယ်နိုင်ခဲ့ပြီး အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်ပိုက် ဆိုတဲ့ အဘွားအိုကတော့ မီးလောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“တံခါးအားလုံးက သံတံခါးတွေ၊ သော့တွေလည်းခတ်ထားတော့ မီးထိန်းနိုင်မှ ဖျက်ပြီး ဝင်ရတာ။ ထိခိုက်ဒဏ်ရာရသူနှစ်ဦးကို မကွေးဆေးရုံကြီး အရေးပေါ်ဌာန၊ သေဆုံးရုပ်အလောင်းကို အဲ့ဒီဆေးရုံကြီး ရင်ခွဲရုံကို လူမှုကယ်ဆယ်ရေးအသင်းတွေက ပို့ဆောင်ကူညီပေးခဲ့တယ်။”

မီးလောင်ကျွမ်းမှုကို မြို့ခံမီးသတ်တပ်ဖွဲ့တွေနဲ့ အရန်မီးသတ်တို့က မီးသတ်ယာဉ် ၈ စီးနဲ့ အချိန်တနာရီကြာ ငြှိိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024