စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံး ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “မီးက ဘယ်လိုကြောင့်လောင်မှန်းတော့ မသိဘူးဗျ။ လမ်းကပြင်နေတော့ မီးသတ်ကားက အတော်နဲ့ ဝင်မရဘူး။ ဝင်လို့ရတော့ ရုံးကပြာကျနေပြီ” လို့ ပြောပါတယ်။
မီးလောင်ပြာကျမှ မီးသတ်ကားဝင်လို့ရသွားကာ ပညာရေးမှူးရုံးနဲ့ ကိုက် ၅၀ လောက် အကွာအဝေးမှာ စစ်တပ်နဲ့ ပျူစောထီး လုံခြုံရေးကင်းတဲ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပညာရေးမှူးရုံး မီးလောင်ခဲ့လို့ စနစ်သစ် Grade-11 တွေ စာမေးပွဲဖြေလို့ပြီးပေမဲ့ ဆယ်တန်းစနစ်ဟောင်းတွေရဲ့ ဖောင်ကတ်တွေကတော့ မီးထဲ အကုန်ပါသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။