မုဒုံကန်တော်ကြီးအတွင်း သားအဖ ၂ ဦး ရေနစ်သေဆုံး
DVB
·
February 19, 2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကန်တော်ကြီးရေကန်အတွင်းမှာ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီက ရေဆင်းကစားတဲ့ သားအဖ နှစ်ယောက်လုံး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ကန်တော်ကြီးအတွင်း ရေဆင်းကူးရာက အသက် ၁၀ နှစ်အရွယ် သားဖြစ်သူ ရေနစ်ရာက ဆင်းကယ်တဲ့ ဖခင်ဖြစ်သူပါ ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။
ရေနစ်တဲ့သားအဖကို အချိန်မီ ကန်အတွင်းရှာဖွေခဲ့ပေမဲ့ အသက် မရှိတော့ဘူးလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ သားအဖဟာ မုဒုံမြို့၊ ကုက္ကိုတန်းရပ်မှာ နေထိုင်တဲ့သူတွေ ဖြစ်ကြပါတယ်။