Home
မြန်မာသတင်း
တာချီလိတ်တွင် ထိုင်းနိုင်ငံတင်ပို့မည့် စိတ်ကြွဆေးပြား ၃၆ သန်း ဖမ်းမိ
DVB
·
February 16, 2023
331069771_568836558598402_5943372965329761392_n
330903471_882970706154768_6486368874015528738_n

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ထဲက နေအိမ်တအိမ်မှာ ထိုင်းနိုင်ငံကို တင်ပို့မယ့် စိတ်ကြွဆေးပြား ၃၆ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

ထိုင်းနယ်ခြားလုံခြုံရေးဌာနက ထိုင်းနိုင်ငံထဲကိုပို့မယ့် မူးယစ်ဆေးဝါးတွေကို သတင်းရရှိတဲ့အတွက် မြန်မာအာဏာပိုင်တွေဘက် အကြောင်းကြားပြီး ဖမ်းဆီးခိုင်းရာမှာတော့ ပါဆပ်ရပ်ကွက်ထဲမှာရှိတဲ့ နေအိမ်တခုမှာ ထိုင်းနိုင်ငံသား ကျိုင်ယွက် ဆိုသူနဲ့အတူ ကုန်တင်ကားလေးစီးမှာ သိုဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၁၄ သန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီနောက် နေအိမ်ထဲကို ဆက်ပြီးရှာဖွေခဲ့ရာကနေ နောက်ထပ် YW စိတ်ကြွဆေးပြား ၁၂ သန်းကို ရှာဖွေသိမ်းဆည်းရမိခဲ့တာပါ။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံထုတ် ကဖိန်းအမှုန့် ၅,၀၀၀ ကီလိုဂရမ်အပြင် အိုက်စ် ၂၀ ကီလိုဂရမ်ပါ ဆာလာအိတ် ၂၅ အိတ် အလေးချိန် ၅၀၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ မယ်ဆိုင်အခြေစိုက် Maesai Press သတင်းဌာနက ဖော်ပြထားပါတယ်။

အခုဖမ်းဆီးရမိတဲ့တန်ဖိုးက စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၈ ဒသမ ၆၆ ဘီလီယံ သိမ်းဆည်းရမိခဲ့ပြီး အခုလို ဖမ်းဆီးမှုနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024