Home
မြန်မာသတင်း
ဖယ်ခုံမြို့ရှိ ဘာသာရေးအဆောက်အအုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
DVB
·
February 12, 2023
328666768_3851949781758006_8631281212719275070_n

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရီလုံရီကန်ကျေးရွာအုပ်စု၊ ဝါရီခူကျေးရွာရှိ ကက်သလစ် ခရစ်ယာန် မယ်တော်ဂူကုန်းကို စစ်ကောင်စီက  လေကြောင်းကနေ ဖေဖော်ဝါရီ ၁၀ ရက် ည ၁၁ နာရီ ကျော်လောက်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို KNDF က ထုတ်ပြန်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မယ်တော်ဂူကုန်းက အဆောင်တခုနဲ့ မယ်တော်ဂူရင်ပြင် ထိခိုက် ပျက်စီးခဲ့သလို စစ်ဘေးရှောင်ပြည်သူတွေ ယာယီနေထိုင်တဲ့တဲတချို့ ဗုံးစထိမှန်ခဲ့ပေမယ့် ထိခိုက်တာ မရှိဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ဘက်နဲ့သက်ဆိုင်မှုမရှိတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ အရပ်ဘက်ဆိုင်ရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက် နေသလို နိုင်ငံတကာ စစ်စည်းကမ်း ချိုးဖောက်နေတာလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)ကလည်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ဒုတိယအပတ်အထိ လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်လုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း အရပ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်မှု ၂ ကြိမ် လုပ်ခဲ့တယ်လို့လည်း  KNDF က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024