Home
မြန်မာသတင်း
ဧရာဝတီလင်းပိုင်နှင့် ငါးသားပေါက်များကို ရှော့တိုက်ဖမ်းသည့်အဖွဲ့အား PDF ဖမ်းဆီး
DVB
·
February 7, 2023
328978082_416166317375737_5802386053266257665_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ထဲမှာ ဧရာဝတီလင်းပိုင်နဲ့ ငါးသားပေါက်တွေကို ရှော့တိုက်ဖမ်းဆီးနေတဲ့ ငါးဖမ်းသမားတွေကို ဖေဖော်ဝါရီ ၄ ရက်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကင်းလှည့်စစ်ဆေးနေတဲ့အချိန် တွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ငါးဖမ်းသမားတွေဆီကနေ ငါးဖမ်းစက်လှေသုံးစီး၊ ရှော့စက်သုံးလုံးနဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဘက်ထရီအိုးကြီး ၃ လုံး၊ ဘက်ထရီအလတ် ၃ လုံးနဲ့ လူ ၆ ယောက်ကို ထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ငါးဖမ်းပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူခဲ့ကာ ငါးဖမ်းသမား ၆ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Peacock warriors force တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဧရာဝတီလင်းပိုင်နဲ့ ရေချို ငါးမျိုးစိတ်အန္တရာယ် ကင်းလွတ်‌စေဖို့ ရှော့တိုက်ငါးဖမ်းသမားတွေကို အသိပညာပေးတာ၊ အရေးယူတာနဲ့ ပြစ်ဒဏ်ပေးတာ စတဲ့ အပိုင်း ၃ ပိုင်းခွဲပြီး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီမြစ်အတွင်းမှာသာ တွေ့ရတာဖြစ်ပြီး ရှော့တိုက်အန္တရာယ်ကြောင့် ဧရာဝတီလင်းပိုင် မျိုးပွားနှုန်းကျဆင်းတာ၊ ငါးသားပေါက်မှုနှုန်း နည်းတာတွေအပြင် ရေချိုငါးရှားပါးမှု အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ဧရာဝတီမြစ်ထဲ ရှော့တိုက်ငါးဖမ်းတဲ့ ဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှော့တိုက်ငါးဖမ်းလှေ အစီး ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024