ပဲခူးတိုင်း၊ ပြည်မြို့၊ ကမ်းနားလမ်းပန်းခြံအနီး ဧရာဝတီမြစ်အတွင်းမှာ အသက် ၁၅ နှစ်အရွယ် လူငယ်တဦး ဖေဖော်ဝါရီ ၅ ရက်က ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။
သေဆုံးသူဟာ ခေတ္တရာမြို့သစ် ၁၇ လမ်း စက်ကြီးဝန်းအနောက်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် လူငယ်အမျိုးသားတဦးဖြစ်ပြီး ရေကျတဲ့အချိန် သူငယ်ချင်း ၃ ယောက် ရေဆင်းကူးကြရာကနေ ရေနစ်ခဲ့တာဖြစ်ကာ ကျန်တဲ့ ၂ နှစ်ယောက်ကိုတော့ အနီးနားက ပလုံကောက်တဲ့ ကလေးတွေနဲ့ လူတွေက ကယ်လိုက်နိုင်တယ်လို့ ဆိုပါတယ်။
ကျန်တဲ့တယောက်ကတော့ အချိန်မီ မကယ်ဆယ်နိုင်ခဲ့လို့ သေဆုံးခဲ့ရပြီး သေဆုံးသွားတဲ့ လူငယ်အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ ပြည်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နန်ဝါရီလကလည်း အဲ့ဒီနေရာမှာပဲ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။