Home
သတင်းဓာတ်ပုံ
ဒါရိုက်တာကိုပေါက်၏ “ရောင်နီလာရာလမ်း”ရုပ်ရှင် တိုကျိုမြို့၌ပြသ၊ ရန်ပုံငွေကျပ် သိန်း ၉၀၀ ကျော်ရရှိ (ဓာတ်ပုံ)
DVB
·
February 5, 2023
329146560_726224149147457_2067852363470325838_n
329090737_1617284912070449_8807026741040048388_n
328991897_638022821412884_4862009874607891409_n
328979927_678687840719877_2949012095392281305_n
328979011_587598229886958_556885377248312178_n
321305400_1120009132012621_8700094575456982150_n

တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ “ရောင်နီလာရာလမ်း” တော်လှန်ရေး မှတ်တမ်းရုပ်ရှင်ကို ဖေဖော်ဝါရီ ၄ ရက်က ဂျပန်နိင်ငံ တိုကျိုမြို့လယ်က ပရိသတ် ၁၃၀၀ ဆန့်တဲ့ရုံကြီးမှာ ပြသခဲ့ရာမှာ ရန်ပုံငွေ ကျပ် သိန်း ၉၀၀ ကျော်ရရှိခဲ့တယ်လို့ ဒါရိုက်တာကိုပေါက်က ပြောပါတယ်။

လက်မှတ် ၁၂၀၀ ကျော်ရောင်းကုန်ခဲ့ပြီး အဖွင့်ပွဲတပွဲတည်းနဲ့ ကျပ် သိန်း ၉၀၀ ကျော်ရရှိခဲ့တာလို့ ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပြီး “ဂျပန်ရောက် မြန်မာတွေကို အရမ်းလေးစားတယ်။ သူတို့တွေ တော်လှန်ရေးအတွက် အမြဲတက်ကြွတယ်။”လို့လည်း ဂုဏ်ပြု သတင်းစကားပါးထားပါတယ်။

တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ “ရောင်နီလာရာလမ်း” တော်လှန်ရေး မှတ်တမ်းရုပ်ရှင်ကို မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနိုင်ဖို့ ဂျပန်နိုင်ငံမြို့တော် တိုကျို၊ နာဂိုယာမြို့တွေ အပါအဝင် အမေရိကန်၊ ဆွီဒင်၊ နယ်သာလန် နိုင်ငံကမြို့တွေပါဝင်တဲ့  နိုင်ငံတကာ မြို့ကြီး ၅ မြို့မှာ တပြိုင်တည်းပြသတာဖြစ်ပါတယ်။

ဒါရိုက်တာကိုပေါက်ရဲ့ အာဏာမသိမ်းခင် မိသားစုဘဝအခြေအနေကနေ အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတယောက်ဘဝ၊ ပြေးခဲ့ရ ပုန်းခဲ့ရတဲ့ ဝရမ်းပြေးဘဝ၊ အဲဒီနောက် တော်လှန်ရေးသမားဘဝ စတဲ့ ဘဝတွေမှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို မှတ်တမ်းရုပ်ရှင်ကားတကားအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး  ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

PHOTO-KO PAUK

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024