Home
မြန်မာသတင်း
ကေအန်ယူ တပ်မဟာ-၆ နယ်မြေရှိ သတ္တုခဲမိုင်းလုပ်ကွက်ကို စစ်တပ်က ဗုံးကြဲ
DVB
·
January 25, 2023
KNU Mine factory destoryed by SAC
KNU Mine factory destoryed by SAC 1
KNU Mine factory destoryed by SAC 2

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူနယ်စပ်မြို့နဲ့ ၁၈ မိုင်အကွာရှိ ကေအန်ယူ တပ်မဟာ-၆ နယ်မြေ သတ္တုခဲမိုင်း အမှတ် ၅ ခနောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်ကို ဇန်နဝါရီ ၂၅ ရက် ဒီမနက် ၂ နာရီလောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးနှစ်ကြိမ်ကြဲချခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ-၆ နယ်မြေ သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် အဆောက်အဦများစွာ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု ရှိမရှိကိုတော့ လောလောဆယ် မသိရသေးဘူးလို့ ကေအန်ယူ တပ်မဟာ-၆ နယ်မြေ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တပ်မဟာ-၆ နယ်မြေထဲက သတ္တုမိုင်းလုပ်ကွက်တွေကို စစ်ကောင်စီတပ်ဘက်က ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး မိုင်းလုပ်သား ၁ ဒါဇင်ကျော်လောက် သေဆုံးခဲ့သလို တရုတ်နိုင်ငံသား ၃ ယောက်လည်း မိုင်းလုပ်သားတွေနဲ့အတူ ထိခိုက်သေဆုံးခဲ့ပါတယ်။

မြေပြင်အခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ များပြားလာတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ထိုးစစ်ဆင်တဲ့အတွက် သာမန်အရပ်သားတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024