Home
မြန်မာသတင်း
မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ မြေပြင် ထိုးစစ်ဆင်
DVB
·
January 22, 2023
326905327_1521143995051181_5022112992490637712_n

မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ မိုင်းဟုမ်းကျေးရွာနဲ့ ပင်သပြေကျေးရွာအနီးတဝိုက်ကို စစ်ကောင် စီတပ်က ဇန်နဝါရီ ၂၀ ရက်ကစတင်ပြီး မြေပြင်ကနေ စစ်ကြောင်းထိုးနေတဲ့အပြင် တိုက် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုင်းဟုမ်းကျေးရွာအနီးက  NUG PDF တပ်ရင်းတွေဖြစ်တဲ့ ၅၁၀ တပ်ရင်းနဲ့ တပ်ရင်း ၁၂၂၂တို့ကို ဇန်နဝါရီ ၂၀ ရက်က ဂျက်တိုက်လေယာဉ်နဲ့ အကြိမ် ၂၀ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှု တွေရှိတယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းတွေက သတင်းထုတ်ပြန်ပါတယ်။ 

မိုင်းဟုမ်းကျေးရွာအနီးက ဒေသခံ တဦးက  "လေယာဥ်နဲ့ ဗုံးကြဲတဲ့နေ့က  မနက်အစောက တည်းကနေ  လက်နက်ကြီး ပေါက်ကွဲသံတွေကြားတာ။ မကြာမကြာ လက်နက်ကြီးနဲ့ ပစ်တယ်။ လက်နက်ကြီးနဲ့ပစ်ပြီးတော့ လေယာဥ်ပါ လာကြဲသွားတာ"လို့ ပြောပါတယ်။ 

စစ်အင်အား ၅၀၀ ဝန်းကျင်က မိုင်းဟုမ်းကျေးရွာနဲ့ အနီးတဝိုက်ကို ဆက်တိုက်ထိုးစစ်ဆင်နေတဲ့ အပြင်  လက်နက်ကြီးနဲ့ပါ ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအခြေအနေမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့်အနီးနားကျေးရွာ က ဒေသခံရွာသားတွေ ထွက်ပြေးနေရပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေနေကို အတိအကျ မသိ ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024