Home
မြန်မာသတင်း
မုံရွာ၌ ကုန်စုံဆိုင် ၁ ဆိုင်ကို ဓားပြတိုက်၊ ဆိုင်ရှင်အမျိုးသားအား ဓားဖြင့် ခုတ်သတ်
DVB
·
January 21, 2023
326171235_516680877199909_4773884524927792407_n

စစ်ကိုင်းတိုင်း မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းမှာ ဇန်နဝါရီ ၂၀ ရက် ညဦးပိုင်းက ကုန်စုံဆိုင် တဆိုင် ဓားပြတိုက်ခံရပြီး ဓားခုတ်ခံရတာကြောင့် ဆိုင်ရှင်အမျိုးသား  သေဆုံးကာ ဇနီး ဖြစ်သူ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရပ်ကွက်အနီးနေသူတဦးက “ည ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်နဲ့ လူတစုက ဓားပြဝင်တိုက်တာ။ ဆိုင်ရှင် ကောင်လေးက ဓားဒဏ်ရာတွေနဲ့ ဆုံးသွားပြီ ကောင်မလေးလည်း ဒဏ်ရာရလို့ ဆေးရုံ ပို့လိုက်ရတယ်" လို့ ပြောပါတယ်။

ဆိုင်ကယ်နဲ့ လူ ၄ ဦးပါအဖွဲ့ဟာ ဓားပြတိုက်ချိန် ငွေတောင်းတာ မပေးတာကြောင့် ဆိုင်ရှင် အမျိုးသားအား ဓားနဲ့ခုတ်ခဲ့ရာ လက်မောင်း၊ နောက်ကျော၊ ရင်ဘတ်ပြတ်နဲ့ လက်တွေမှာ ဒဏ်ရာတွေ ရပြီး ဇနီးဖြစ်သူကတော့ မျက်နှာနဲ့ လက်တွေမှာ ဓားဒဏ်ရာတွေ ရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓားပြမှုကျူးလွန်သူတွေ ဘယ်သူဆိုတာနဲ့ ငွေနဲ့ ပစ္စည်း ဘယ်လောက်ပါသွားတယ်ဆိုတာာ မသိရှိရသေးပါဘူး။ 

စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ပေါ်မှာ လူသတ်မှု၊ ဓားပြမှုတွေ မကြာခဏဖြစ်ပွားနေပြီး ဓားပြမှု အများစုကို စစ်အုပ်စုနဲ့ ပျူတွေ ပူးပေါင်းကျူးလွန်တာလို့ မုံရွာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရသူတွေ ထွက်ဆိုထားတဲ့ ရုပ်သံသတင်းတွေလည်း ပြီးခဲ့တဲ့နှစ်က ပျံ့နှံခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024