Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်း ၆၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်
DVB
·
January 17, 2023
325764174_721688066034581_3439389663476194613_n

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၈ ရပ်ကွက်၊ အောင်သုခလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၁၇ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီခွဲက လူဦးရေစာရင်းကောက်ဖို့ ရပ်ကွက်ရုံးမှာ လူစုထားချိန် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေ ရောက်လာတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးပေါက်တာ၊ ရပ်ကွက်ရုံးမှာပေါက်တာ၊ သေတာတွေ ထိခိုက်ဒဏ်ရာရတာတော့ မသိဘူး၊ စစ်တပ်ရော ရဲရော စစ်ဆေးနေတယ်။”

အမှတ် ၆၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲခဲ့တာ မှန်ပေမဲ့ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတွေ့လို့ စစ်တပ်က ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရုံးထဲကို ဗုံးနဲ့ပစ်တာဖြစ်မယ်၊ စနက်တံတော့ ဖြုတ်ပြီးသား၊ ဒါပေမဲ့ မပေါက်သေးဘူး၊ ရပ်ကွက်က စစ်တပ်ကို လှမ်းခေါ်လိုက်တာ၊ စစ်တပ်ကလာပြီး ရုံးအနောက်မှာ လာဖောက်တာ။”

စစ်တပ်က လက်ပစ်ဗုံးကို အကာအရံတားကာ ဖောက်ခွဲပြီးနောက် ရပ်ကွက်ရုံး အနီးဝန်းကျင်ကိုလည်း လက်ကျန်ဗုံးရှိမရှိ စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024