ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သမိန်လစ်ကျေးရွာရှိ၊ နေအိမ်တွေကို ဇန်နဝါရီ ၁၅ ရက် မနက် ၉ နာရီက မီးစတင်ရှို့နေတယ်လို့ ကြာအင်းဆိပ်ကြီးအုပ်ချုပ်ရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်က မီးရှို့ဖျက်ဆီးနေကြပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ် ဖြစ်ပွားခဲ့သလို နှစ်ဖက်စလုံးရဲ့ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ မီးလောင်ကျွမ်းဆုံးရှုံးခဲ့တဲ့နေအိမ်ရဲ့ အရေအတွက်ကိုတော့ သတင်းတွေမထုတ်ပြန်နိုင်ကြသေးပါဘူး။
ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီဝန်းကျင်လောက်ကလည်း သူ့ကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီတပ်ဘက်က မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒါ့အပြင်ကြာအင်းဆိပ်ကြီးမြို့ အလယ်ရွာကျေးရွာမှာ ဇန်နဝါရီ ၁၃ ရက်က နတ်ချောင်းဖျားဘက်မှ ဆိုင်ကယ်ခရီးသွား အမျိုးသားတယောက်ကိုပါ စစ်ကောင်စီဘက်က အကြောင်းမဲ့ သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကေအန်ယူ တပ်မဟာ ၆ နယ်မြေဘက်မှာ စစ်ကောင်စီတပ်ဘက်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ အနည်းငယ်သာ အခုရက်ပိုင်းမှာ ထိတွေ့မှုတွေရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သာမန်အရပ်သားသေဆုံးမှုတွေ ဒါဇင်နဲ့ချီရှိနေခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာနေ့စဥ် နီးပါးလောက်လာရောက်ဗုံးကြဲနေခဲ့ တာကြောင့် လူနေအိမ်တွေ ဘာဘာရေးဆောက်အဦးတွေ ဥယျာဥ်ခြံတွေ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်ပျက်စီးတာတွေတနေ့တခြားပိုမိုများပြားလာနေလို့ ကေအန်ယူ သတင်းအရင်းမြစ်တွေက ပြောပါတယ်။
ထောင်နဲ့ချီ စစ်ဘေးရှောင်တွေဟာလည်း လက်ရှိမှာ လူသားချင်းစာနာထောက်ထားတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေပါတယ်။