တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ လမ်းမခြံဈေးနားက ဓာတ်ဆီဆိုင်မှာ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
မြို့ခံတဦးက “မီးကတော့ ဓာတ်ဆီဆိုင်ကနေပြီး စလောင်တာ။ ဓာတ်ဆီဆိုင်ရဲ့ခေါင်မိုးနဲ့ နီးကပ်နေတော့ ခေါင်မိုးအပူရှိန်နဲ့ ဓာတ်ဆီအငွေ့ရိုက်ပြီး လောင်တာလို့တော့ ပြောတယ်။ လူတွေ ထိခိုက်သေဆုံးတာ မရှိဘူး” လို့ ပြောပါတယ်။
ဘာကြောင့်မီးလောင်မှုဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ရွှေဇင်ယော်ရပ်ကွက် လမ်းမခြံဈေးအနီးရှိ ဦးစိန်ဂါးပိုင်ဆိုင်တဲ့ ဓာတ်ဆီဆိုင်ကတဆင့် မီးလောင်မှုဖြစ်ပွားပြီး ကော့သောင်းမီးသတ်ဌာနက မီးငြှိမ်းပေးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် နံဘေးရှိ ချေးငွေလုပ်ငန်းရုံး မီးဟပ်ခံရပြီး ဆုံးရှုံးမှုတန်ဖိုးနဲ့ အရေးယူမှု အပိုင်းကိုတော့ ကော့သောင်းမီးသတ်ဌာနက ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။