Home
မြန်မာသတင်း
ရေဆင်းတက္ကသိုလ်ရှေ့ ဖောကားတစီးတိမ်းမှောက်၊ ၅ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရ
DVB
·
January 8, 2023
324565001_842443086982895_7132309873331253755_n

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှေ့မှာ ဇန်နဝါရီ ၇ ရက် ည ၆ နာရီကျော်က အလုပ်သမားတွေကို တင်လာတဲ့ ဖောကားတစီးမှောက်ပြီး အမျိုးသမီး ၅ ဦး သေဆုံးကာ ၂၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလုပ်သမား ၅၀ ဝန်းကျင်တင်လာတဲ့ ဖောကားတိမ်းမှောက်ခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

"အလုပ်သိမ်းပြီး ပြန်လာကြတာ။ ဖောကားပေါ်မှာ လူက ၅၀ ဝန်းကျင်လောက်ပါတယ်။ ကားမှောက်တော့ အမျိုးသမီး ၅ ဦးက ပွဲချင်းပြီး သေသွားတယ်၊ ၂၉ ဦးက ဒဏ်ရာရတယ်။”

ပျဉ်းမနား ဗြဟ္မစိုရ်အသင်း၊ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း၊ သဗ္ဗသုခအသင်းနဲ့ပျဉ်းမနား မွန်မြတ်သူအသင်းတွေက လူနာတင်ယာဥ်တွေနဲ့ သေဆုံးသူအမျိုးသမီး ၅ ဦးနဲ့ ဒဏ်ရာရ အမျိုးသား အမျိုးသမီး ၂၉ ဦးတို့ကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကလည်း ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ယာဥ်တိုက်မှုနဲ့ ယာဥ်တိမ်းမှောက်မှုတွေကြောင့် သေဆုံးဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024