ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ဘက်ခြမ်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဇန်နဝါရီ ၃ ရက် နေ့လယ် ၁ နာရီလောက်က အင်းလေးကန် အနောက်ဘက်ခြမ်းရှိ ဘုရားနီကျေးရွာနဲ့ သန်းတောင်ကျေးရွာကြားမှာ စစ်တပ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပျူစောထီးတွေက လမ်းပြခေါ်ဆောင်လာရာကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်မှုတွေ ရှိတယ်လို့ ရှမ်းတောင်တော်လှန်ရေးအင်အားစုမှ ရဲဘော် တယောက်က ပြောပါတယ်။
“ပျူတွေ လမ်းပြခေါ်လာရာကနေ တိုက်ပွဲစတင်ဖြစ်ပွားတာပါ။ နှစ်ဘက် အထိအခိုက်ရှိပါတယ်။ စ(-) ဘက်က စစ်အင်အား ထပ်ဖြည့်လာပါတယ်။ လတ်တလောမှာတော့ နှစ်ဘက် ထိတွေ့မှုထပ်မရှိသေးဘူး။”
ဒါ့အပြင် တောင်ကြီး၊ အောင်ပန်း၊ ဆီဆိုင်နဲ့ အင်းလေးဒေသတွေမှာ ဇန်နဝါရီလ ၃ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေပြီး ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ ညောင်ရွှေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးစာ ထုတ်ပြန်ထားပါတယ်။