Home
မြန်မာသတင်း
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မတ် ၈ ရက်နေ့ စတင်ကျင်းပမည်
lusane
·
December 29, 2022
320142932_2483962518435523_4693650251900249278_n

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို လာမယ့် ၂၀၂၃  မတ် ၈ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်မှာ မြန်မာစာ၊ ၉ ရက်နေ့ အင်္ဂလိပ်စာ၊ ၁၀ ရက်နေ့ သင်္ချာဘာသာရပ်တွေကို ဖြေဆိုရမှာဖြစ်ပြီး ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက်  ၁၃ ရက်နေ့မှာ ပြန်လည်ကျင်းပပြီး ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမှာဖြစ်ကာ၊ ၁၄ ရက် ရူပဗေဒ၊ ၁၅ ရက် ဇီဝဗေဒ/ ဘောဂဗေဒ၊ ၁၆ ရက် ပထဝီ၊  ၁၇ ရက် သမိုင်းဘာသာရပ် နဲ့ ၁၈ ရက်နေ့မှာ စိတ်ကြိုက် မြန်မာစာတို့ ဖြေဆိုရမယ်လို့ သတ်မှတ်ထားပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုဟာ စနစ်ဟောင်း သင်ရိုးဟောင်းရဲ့ နောက်ဆုံးစာမေးပွဲဖြစ်ပြီးတော့ အဲ့ဒီစာမေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူတွေနဲ့ မဖြေလိုက်ရသူတွေ ပြန်လည်ဖြေဆိုဖို့အတွက် ကျင်းပပေးတာလည်းဖြစ်ပြီး ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲဟာ နောက်ဆုံးကျင်းပတဲ့ စာမေးပွဲတခုလည်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်စွာနဲ့ ကျင်းပပေးခဲ့ပြီး ပြည်သူ့အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျောင်းသား ကိုးသိန်းကျော်အထိ ဝင်ဖြေခဲ့ပေမယ့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ဖြေဆိုသူ နှစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက် ဖြေဆိုခဲ့ပြီး အောင်မြင်သူ တသိန်းသုံးသောင်းကျော်သာရှိခဲ့တာကြောင့် အောင်မြင်သူ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ ကျောင်းသားကျောင်းသူ အချို့ဟာ ဒီနှစ်မှာ ဖွင့်လှစ်တဲ့ တက္ကသိုလ် ပထမနှစ်သင်တန်းတွေကိုတက်ရောက်နေပေမယ့် ကျောင်းသားကျောင်းသူအချို့ကတော့ စစ်ကောင်စီပညာရေးကိုအယုံအကြည်မရှိလို့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ပါဝင်ထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013