မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားမှာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီဝန်းကျင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ရတနာဘုမ္မိ အရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်း ဆိုသူဖြစ်ပြီး ဆိုင်ကယ်နဲ့ လူနှစ်ယောက်က ခေါင်းကိုပစ်သွားတာလို့ ရပ်ကွက်နေပြည်သူတဦး က ပြောပါတယ်။
“သူ့မိသားစုဖွင့်ထားတဲ့ မာလာဟင်းဆိုင်ရှေ့မှာ ပစ်ခံရတာ။ ခေါင်းပစ်ခံရတာဆိုတော့ နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။”
ရတနာဘုမ္မိ အရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းကို မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ STF-MDY အဖွဲ့က ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။