Home
မြန်မာသတင်း
လှိုင်သာယာတွင် ကုန်ကားများပေါ် ပစ္စည်းများလိုက်လံခိုးယူနေသည့်အဖွဲ့ ဖမ်းဆီးခံရ
DVB
·
December 8, 2022
318184372_10159148568317913_4331723283872745550_n
317903632_10159148568417913_3103129790524268552_n

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ကုန်တင်ကားတွေပေါ်  အုပ်စုဖွဲ့ လိုက်လံခိုးယူနေတဲ့အဖွဲ့ကို ဒီဇင်ဘာ ၈ ရက် ဒီကနေ့ မနက်ပိုင်းက ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ရန်ကုန်-ညောင်တုန်းလမ်းမကြီးပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ကုန်တင်ကားတွေပေါ်ရှိ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ ကုန်ပစွည်းတွေကို လိုက်လံခိုးယူနေတဲ့ ကိုဖြိုး အပါအဝင် ခြောက်ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက လှည့်ကင်းလှည့်နေချိန်တွေ့ရှိ ဖမ်းဆီးခဲ့တာလို့  ၇ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

‘ဒီလူတွေက အုပ်စုလိုက်တက်ခိုးတာ ဘယ်သူမှမပြောရဲဘူး။ အကုန်လုံးက ဓားတွေကိုယ်စီပါတာ။ တွေ့လည်း မသိချင်ယောင်ဆောင်နေရတယ်။ ပြောရင် အသတ်ခံရမှာစိုးလို့ အခုမိသွားပြီဆိုပေမဲ့ ပြန်မလွှတ်ရင်ကောင်းတာပေါ့။ ပြန်လွှတ်ရင်တော့ နောက်ထပ်ဖြစ်နေမှာပဲ။”

ကုန်တင်ကားပေါ်မှာ ပါလာတဲ့ကုန်ပစ္စည်းတွေ လိုက်လံခိုးယူနေသူတွေကို ဒုစရိုက်လောကမှာ လေထီးလို့ခေါ်ပြီး ရန်ကုန်အဝေးပြေးလမ်းမတွေပေါ်မှာ အများဆုံးလှုပ်ရှားသူတွေ ဖြစ်တယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“သူတို့က သီရိမင်္ဂလာစျေး၊ ကြည့်မြင်တိုင်ငါးစျေးနဲ့ လှိုင်သာယာတွေမှာ လှုပ်ရှားနေကြတဲ့ လေထီးတွေ။ ပြောရရင်ကားပေါ်ကနေ ကုန်ပစ္စည်းတွေ တက်ခိုးပြီး ခုန်ချတဲ့သူတွေ အခုမိတာ။”

လှိုင်သာယာမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတွေပေါ်ကနေ ပစ္စည်းတွေ အုပ်စုဖွဲ့ကာ  လိုက်လံခိုးယူနေတဲ့  အမျိုးသား ငါးဦးနဲ့ အမျိုးသမီး တဦးတို့ကို ဆိုင်ကယ် နှစ်စီး၊ ဘေးတွဲ တစ်စီးနဲ့ ငါးခြောက်ထုပ်တွေနဲ့အတူဖမ်းဆီးရမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်တလောမှာ ပြစ်မှုကျူးလွန်သူ အမျိုးသား ငါးယောက်နဲ့ အမျိုးသမီး တယောက်တို့ကို  လှိုင်သာယာမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်စစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024