ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သား ဆက်ပိုင်ထွန်းဟာ ဒီဇင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီလောက်က နဂါးနီစစ်ကြောင်း ၊ တပ်ခွဲ ၂ နဲ့ KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံ လာရောက် ပူးပေါင်းကာ အာဏာဖီဆန် CDM လုပ်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
CDM တပ်သား စက်ပိုင်ထွန်းကို လိုအပ်တဲ့ အဝတ်အစား၊ အသုံးအဆောင်နဲ့ ထောက်ပံ့ငွေကို ကူညီပံ့ပိုးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
နဂါးနီစစ်ကြောင်း ၊ တပ်ခွဲ ၂ နဲ့ KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံ လာရောက် ပူးပေါင်းပြီး အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်သူ ၁၀ ယောက်ကျော်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ကျန်နေတဲ့ တပ်မတော်သားတွေလည်း လူ တစုစာ အာဏာရှင်အတွက် ရပ်တည် မနေဘဲ ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ထုတ်ပြန်ချက်က တိုက်တွန်း ထားပါတယ်။