Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းမှတိုက်ခိုက်
DVB
·
December 1, 2022
317093084_10225465527398477_2520750372927818373_n

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က  နိုဝင်ဘာ ၃၀ ရက် ည ၉ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေသာ၊ အလယ်တော၊ အင်းတိမ်၊ အင်ကြင်းကုန်းရွာတွေတဝိုက်ကို လေယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး လေသာရွာခေါင်းရင်းကို ဗုံးတလုံးချခဲ့တယ်လို့ ဒေသခံက  ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်က လေသာကုန်းကို ထပ်မံ မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ညနေ သုံးနာရီကျော်ခန့်မှာ လေသာကို မီးစရှို့ပြီး ညဦးပိုင်းမှာ ဗုံးတလုံး ချသွားတယ်ဗျ။ ဗုံးက လေသာရွာထိပ်ကို ကျသွားတယ်ဗျ။ အခုက မနေ့က တခါရှို့ပြီးတာကိုမှ နောက်တခါ ရှို့နေပြန်ပြီဗျ။”

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ သခွပ်ရှောင်၊ ကျက်သရေချောင်း၊ ဆူးပုတ်ချောင်း၊ အင်ကြင်းကုန်း၊ အလယ်တော၊ အင်းတိမ်ရွာတို့ကို ဆက်တိုက်မီးရှို့ခဲ့ပြီး အခုရက်ပိုင်း မီးရှို့ခံရတာကြောင့် အလယ်တောက နေအိမ် ၈၆ လုံး၊ ဆူးပုတ်ချောင်က နေအိမ် ၄၀ လုံး၊ ကျက်သရေချောင်းက နေအိမ် ၁၅ လုံးအပြင် ကျွဲနွားတွေနဲ့ စပါးတင်းထောင်ချီ လောင်ကျွမ်းခဲ့တယ်လို့ Tigyaing Revolution က သတင်းထုတ်ပါတယ်။

လက်ရှိအချိန်ထိ ပတ်ပတ်လည်ကျေးရွာတွေမှာ စစ်ကြောင်းမရှိတော့ဘဲ လေသာကုန်းမှာပဲ အင်အားအလုံးအရင်း ကျန်ရှိနေပြီး လေသာရွာနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်ကလည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အလယ်တော၊ အင်ကြင်းကုန်း၊ အရှေ့တောကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024