Home
မြန်မာသတင်း
ရွှေဘိုရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများအား စောင်နှင့် အနွေးထည်များ လှူဒါန်း
DVB
·
November 30, 2022
317079570_1344274872975032_2932525409264631288_n
317277844_1344274399641746_8712279792024824613_n
313867058_1344274912975028_3579932217935326631_n
317708749_1344274889641697_781235669277088335_n
317525826_1344274769641709_8730243259171740281_n
316963801_1344274702975049_8909710769774493565_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၅၀၀ ကျော်အတွက် လိုအပ်နေတဲ့ စောင်နဲ့ အနွေးထည်တွေကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က နိုဝင်ဘာ ၂၈ ရက်မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ အညာဒေသရဲ့ ဆောင်းတွင်းကာလကို အန်တုနိုင်ဖို့ လတ်တလော လိုအပ်နေတဲ့ စောင်အထည် ၄၁၀ နဲ့ အနွေးထည် ၂၇၀ ထည်တို့ကို လှူဒါန်းထားနိုင်ပြီး အိမ်ထောင်စုတိုင်းကို နေအိမ်ဆောက်လုပ်ပေးနိုင်ဖို့နဲ့ စောင်နဲ့ အနွေးထည်တွေ လှူဒါန်းပေးနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေသေးတယ်လို့ S&C မှ တာဝန်ရှိသူက ပြောပါတယ်။

“အိမ်ထောင်စု ၆၀၀ နီးပါးအတွက် စောင်နဲ့ အနွေးထည် အပြည့်လှူမှာပါ။ အိမ်ထောင်တစုကို စောင်တထည်နဲ့ အနွေးထည်တထည်နှုန်းပေါ့။ တချို့တဝက်တော့ သွားလှူပြီးပါပြီ။ ကျန်တာတွေအတွက်လည်း ငွေချေထားပြီးပြီ။ လောလောဆယ် အိမ် ၆၅ လုံး ထပ်ဆောက်ပေးဖို့ လုပ်နေပါတယ်။ ဒီဇင်ဘာလထဲမှာ အပြီး ဆောက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မီးဘေးသင့်ပြည်သူတွေအတွက် S&C အဖွဲဲ့က ထန်းရွက်မိုး ထရံကာ တဲအိမ်တလုံးကို ၂ သိန်းနှုန်းနဲ့ အိမ် ၅၀ ကျော် ဆောက်လုပ်ပေးထားပါတယ်။

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၀၀ နီးပါး မီးလောင်ပျက်စီးကာ လူဦးရေ ၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024