မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနဲ့ ၁၃၃ လမ်းထောင့်ရှိ (ဇ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ဗုံးနဲ့ပစ်ခံခဲ့ရပါတယ်။
ရပ်ကွက်ရုံး ဗုံးနဲ့ပစ်တာကို Anonymous Force MDY၊ Truth Keeping AMA၊ Mandalay Young Force အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ပျူစောထီးအဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်မှု အခြေအနေတွေကို စုံစမ်းနေတုန်းဖြစ်တယ်လို့ Anonymous Force MDY က ဆိုပါတယ်။
စစ်ကောင်စီအသိုင်းအဝိုင်းမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သတင်းလွှင့်ထားပါတယ်။