Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် ကျောက်တိုင်ရွာကို စစ်တပ်က မီးရှို့၊ ဒေသခံများ ထွက်ပြေးနေရ
DVB
·
November 22, 2022
316414119_194694033059142_8707522419556476370_n

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျောက်တိုင်ရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၉ နာရီမှာ စတင်မီးရှို့နေတယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

ရွာကိုမီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်သားအင်အား ၁၀၀ ကျော်နဲ့ ကာဘိုးဘက်ကနေ ဝင်ရောက်လာပြီး နိုဝင်ဘာ ၂၂ ရက် မနက် ၇ နာရီ ၁၅ မိနစ်လောက်က ကျောက်တိုင်ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ကန့်ဘလူ‌ဒေသခံတဦးက “ရွာကို မီးရှို့နေတယ်။ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေကြရတယ်။ မီးခိုးတွေကတော့ ရွာထဲကနေ ထွက်နေတာ မြင်ရတယ်။ အခုအချိန်အထိ ရွာထဲကနေ စစ်ကောင်စီတပ်တွေ မထွက်သေးတော့ အပျက်အစီး အတိအကျ ပြောလို့မရသေးဘူး။ ဘာကြောင့် ရွာကို အခုလို မီးရှို့တာလဲဆိုတာကတော့ မသိဘူး။ ရွာသားတွေကတော့ သူတို့လာပြီဆိုကတည်းက အကုန် ရွာထဲမနေရဲဘဲ ထွက်ပြေးနေကြရတယ်။ ကျနော်တို့ရွာက လူတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ ကျန်တဲ့ရွာကလူတွေလည်း ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။

ကန့်ဘလူ‌မြို့နယ်‌ တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ်ပေါင်း ၂၀၀ လောက် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024