Home
မြန်မာသတင်း
ဇီးကုန်းဈေး မီးလောင်၊ ဆိုင်ခန်း ၇ ခန်း ပျက်စီး
DVB
·
November 21, 2022
315447906_210135224806696_6039981001581932840_n

ပဲခူးတိုင်း၊ ဇီးကုန်းမြို့ရှိ ဇီးကုန်းဈေးမှာ နိုဝင်ဘာ ၂၀ ရက် ညပိုင်းက မီးလောင်ပြီး ဆိုင်ခန်းတချို့ မီးထဲပါ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံ စျေးသည်တွေထံက သိရပါတယ်။

မီးလောင်မှုကြောင့် စုစုပေါင်း ဆိုင်းခန်း ၇ ခန်းပါသွားပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးဘူးလို့ အဆိုပါဈေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တယောက်က ပြောပါတယ်။

“၁၀ နာရီကျော်လောက်မှာ လောင်တာ။ မီးကလည်း ပြတ်နေတော့ ဝါယာရှော့တော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာတော့ အခုထိမသိရသေးဘူး။ ဆိုင်ခန်း ၇ ခန်းလောက်ပါသွားတယ်။ အရင်ကတော့ တခါမှ မလောင်ဖူးပါဘူး။ အရင်က ဆိုင်ခန်းတွေက သစ်သားဆိုင်တွေဆိုရင်တော့ မလွယ်ဘူး၊ တဈေးလုံးပါသွားနိုင်တယ်။ အခုက အုတ်တိုက်တွေဖြစ်နေလို့ တော်သေးတာ။ တောင်းတွေ ပလုံးတွေ စကောတွေ ရောင်းတဲ့ဆိုင်က စလောင်တာလို့တော့ ပြောနေကြတာပဲ။ အတည်တော့ပြုလို့မရသေးပါဘူး။ သူက အတွင်းဘက်က၊ အဲ့ဒီကနေမှတဆင့် အပြင်ကဆိုင်တွေကို ကူးတာ။”

မီးလောင်ပြီးနောက် စစ်ကောင်စီက တဈေးလုံးပိတ်ထားကာ ၊ လမ်းတွေကိုပါပိတ်ထားပြီး စစ်ဆေးရေးတွေ လုပ်နေပါတယ်။ 

အခုမီးလောင်ခဲ့တဲ့ ဆိုင်ခန်း ၇ ခန်းအတွက် ခန့်မှန်းကျပ် ၁,၅၂၀,၀၀၀ ဖိုးလောက် ဆုံးရှုံးခဲ့ပြီး မီးဘယ်ကစလောင်တယ်၊ ဘာကြောင့်လောင်တယ်ဆိုတာကို ဇီးကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ဈေးကော်မတီတို့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်နေတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024