Home
မြန်မာသတင်း
ပြန်လွတ်ပြီဟု သတင်းထွက်နေသည့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးမြအေး အိမ်ပြန်မရောက်သေးဟု သမီးဖြစ်သူပြော
DVB
·
November 17, 2022
komyaaye

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ ပြန်လွတ်လာတယ်လို့ သတင်းထွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့  ဦးမြအေး အိမ်ပြန်မရောက်သေးဘူးလို့ သမီးဖြစ်သူထံက သိရပါတယ်။

ဦးမြအေးရဲ့ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က “ အဖေ ဦးမြအေး လွတ်ပြီလို့ သတင်းကြားပါတယ်၊ အခုထိတော့ အိမ်မရောက်သေးပါဘူး။ procedure တွေများလို့ ညနေလောက်မှ ထွက်လာလို့ရမယ်လို့လဲပြောကြပါတယ်။ လူကိုယ်တိုင်အိမ်ပြန်ရောက်ပြီး၊ မိသားစုနဲ့ပြန်တွေ့မှ သက်ပြင်းချနိုင်မှာမို့ ပြန်ပြီးconfirm လုပ်ပါမယ်။ ဆုတောင်းပေးတဲ့သူတွေအားလုံးကို ကျေးဇူးပါ။” လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ သတင်းမျှဝေထားပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့  ဦးမြအေးကို ဘာအပြစ်မှမရှိဘဲ  အာဏာစသိမ်းကတည်းက စစ်တပ်က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ဂ)နဲ့ တရားစွဲပြီး  အင်းစိန်ထောင်တွင်း တရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးနောက်  ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ ဦးမြအေးရဲ့မွေးနေ့မှာ  ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့တာပါ။

နိုဝင်ဘာလ ၁၇ ရက် မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံခြားသား ၄ ယောက်နဲ့  အနုပညာရှင်တွေ အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေ ရတဲ့ အကျဉ်းသား  ၅၇၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့  စစ်ကောင်စီက ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013