စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပျဉ်သာတိုက်၊ အင်ပင်သာကျေးရွာမှာ အောက်တိုဘာ ၃၀ ရက် မနက် ၃ နာရီလောက်က ဘုန်းကြီးကျောင်း မီးလောင်ခဲ့ရာ ကျန်းမာရေးမကောင်းတဲ့ စစ်ရှောင်ဦးပဉ္စင်းတပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ကိုးတောင်ဘို့ဘက်က စစ်ကြောင်းရှိလို့ အင်ပင်သာရွာသူရွာသားတွေ စစ်ရှောင်နေချိန် ၃ နာရိလောက် မီးညွန့် စမြင်ရပြီး ဘုန်းကြီးကျောင်းတခုလုံး မီးလောင်တယ်။ ကျောင်းထိုင်ဆရာတော် ဘေးကင်းပေမဲ့ ဦးပဉ္စင်းတပါး အဆောက်အအုံ ပြိုကျရာက တိုင်ပိပြီး ပျံလွန်တော်မူသွားတယ်။"
ပျံလွန်တော်မူသွားတဲ့ ဦးပဉ္စင်းဟာ ကျန်းမာရေးမကောင်းသူ ဖြစ်ပြီး ကျောင်းမီးလောင်တာက ဝါယာရှော့ခ်ကြောင့် ဖြစ်တယ်လို့ မီးငြှိမ်းသတ်သူတွေက ပြောပါတယ်။
မီးလောင်မှုကို ရွာမှာ အစောင့်ကျန်နေသူတွေ ဝိုင်းဝန်းငြှိမ်းသတ်လို့ မီးငြိမ်းသွားခဲ့ပြိး တခြား လူနေအိမ်တွေဘက် ကူးစက်လောင်ကျွမ်းတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။