Home
မြန်မာသတင်း
ဂန့်ဂေါဒေသခံတဦးကို စစ်ကောင်စီတပ်က ပစ်သတ်
DVB
·
October 30, 2022
312330201_642700570831949_1075881713470118457_n

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာက ဒေသခံအမျိုးသား ဦးခင်မောင်မြင့် (၅၃ နှစ်)ကို အောက်တိုဘာ ၂၈ ရက်က ခေါက်ခူရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ခေါက်ခူရွာအတွင်း ဝင်ရောက်လာလို့ ဦးခင်မောင်မြင့် ထွက်ပြေးစဉ် စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးမိပြီး ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

ပစ်သတ်ခံရသူ ဦးခင်မောင်မြင့်ဟာ ပါးစပ်အထဲ တချက်၊ ရင်ဘတ် တချက် ပစ်ခတ်ခံရတာ ဖြစ်ပြီး ရုပ်အလောင်းကို တပိုင်းတစ မီးရှို့ထားတယ်လို့ အလောင်းကို မျက်မြင်တွေ့ရှိသူ တဦးက က ပြောပါတယ်။

ဦးခင်မောင်မြင့်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၉ ရက်က စစ်ကြောင်း ပြန်ထွက်ချိန်မှာ ခေါက်ခူရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ နာရေး လိုက်ပါသူတဦးက ပြောပါတယ်။

အဲဒီခေါက်ခူရွာအတွင်း တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဂန့်ဂေါ PDF ပူးပေါင်း မဟာမိတ်အဖွဲ့တို့ တိုက်ပွဲတွေ တနေကုန်နီးပါးဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ သူတွေ ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024