ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက် မှာရှိတဲ့ အင်ဘာလာကျေးရွာမှာ အောက်တိုဘာ ၃၀ နေ့ မနက် ၁၁ နာရီအချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၄ လုံး ဆုံးရှူံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်ဘာလာကျေးရွာသားတဦးက "ဘယ်လိုဖြစ်လို့ မီးလောင်သွားတာလဲ့ဆိုတာတော့ အတိအကျမသိဘူးဗျ။ နေအိမ် ၄ လုံးစလုံးမီးလောင်သွားတယ်။ အိမ်ပေါ်က ဘာပစ္စည်းမှယူလို့ မရလိုက်ကြဘူး။ ဆုံးရှုံးမူတန်ဖိုးက မြင့်မှာပါ" လို့ပြောပါတယ်။
ရာသီဥတုပူပြင်းတာကြောင့် နေအိမ် ၄ လုံး နာရီပိုင်းအတွင်း မီးလောင်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ရာသီဥတုကလည်း အလွန်ပူပြင်းတယ်။ အိမ်တွေကလည်း ပျဥ်ထောင်အိမ်တွေဆိုတော့ နာရီပိုင်အတွင်းမှာ ၄ အိမ်လုံး မီးလောင်ကျွမ်းခဲ့ရတာ။ မီးသတ်ကားတွေလာတဲ့အချိန်မှာ ပတ်ဝန်းကျင်က နောက်ထပ်နေအိမ်တွေကို မီးကူစက်မှုမပြုနိုင်အောင် ကာကွယ်မှု များစွာပြုလုပ်နိုင်ခဲ့ကြပါတယ်။"
မွန်းတည့် ၁၂ နာရီလောက်မှ မီးငြှိမ်းသတ်နိုင်ခဲ့ကြပြီး မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်ကို စစ်ကောင်စီ မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။
အဆိုပါ စစ်တွေ အင်ပါလာကျေးရွာမှာ ၂၀၁၂ ခုနှစ်က လူမျိုးရေးပြဿနာကြောင့် မီးလောင်ကျွမ်းခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။