Home
မြန်မာသတင်း
ငါန်းမြာရဲစခန်းမှူးနှင့် ရဲတပ်သားတို့ KTV တွင် ပျော်ပါးသောက်စားနေစဉ် ပစ်ခတ်ခံရ
DVB
·
October 30, 2022
561017-Ngan-Zun-730x365

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်သားတို့ အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီက  ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ငါန်းမြာရဲကင်းစခန်းက စခန်းမှူး ဒုရဲအုပ် ဇေယျာဝင်းမြင့်နဲ့ ရဲတပ်သား သူအောင်တို့ဟာ မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအနီး နဝရတ်ကျေးရွာထိပ်ရှိ KTV မှာ ပျော်ပါးသောက်စားနေချိန် အမည်မသိအမျိုးသား  ၄ ယောက်က သေနတ်၊ ဗုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မနေ့က ဖြစ်တာ ဟုတ်တယ်။ သူတို့က KTV မှာ အခန်းဝင်နေချိန် ဖြစ်သွားတာ။ သူတို့ကလည်း ဒီလို ခေတ်မကောင်းပါဘူးဆို KTV သွားနေတာ။” လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦး က ဆိုပါတယ်။

ဒီလို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ရဲတပ်သား သူအောင်ဟာ ရင်ဘက် ကျည်ဝင်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး စခန်းမှူး ဒုရဲအုပ် ဇေယျာဝင်းမြင့် ကတော့ ခြေထောက်နှစ်ဖက် မိုင်းစထိမှန် ဒဏ်ရာ ရရှိသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024